တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Saturday, December 26, 2009

စစ်သဘောင်္နဲ့ လာသည်

(၁) အမျိုးသမီး (အပျို) ဖြစ်ရမည်။
(၂) ယခုနှစ်မှ ဆယ်တန်းအောင်သူ မဖြစ်စေရ။

နောက်နှစ် တက္ကသိုလ်ဝင်တန်းအတွက် Guide ခေါ်ဖို့ရာ တစ်ဦးတည်းသော ညီမလေးက ထုတ်ပြန်လိုက်တဲ့ သတ်မှတ်ချက်တွေပါ။ သူရဲ့ Guide အတွက် ဒီနှစ်မှ အောင်လာတဲ့သူကို မလိုချင်ပါ၊ သင်နေတုန်း ကျောင်းသွားတက်ရင် တဝက်တပြက် ဖြစ်မှာစိုးတယ်တဲ့။ ကျောင်းပြီးလို့ Guide သီးသန့်လုပ်နေတဲ့ သူတွေထဲကလည်း အမျိုးသား Guide တွေ၊ လူကြီးပိုင်း Guide တွေနဲ့လဲ မသင်ချင်ပါတဲ့။ အမျိုးသမီးဆိုလည်း အပျိုဖြစ်မှ အချိန်ပေးပြီး ပိုဂရုစိုက်နိုင်မယ်တဲ့။ တော်တော်ကို ကြေး(ဂျီး)များပါတယ်။ ဒါက ကျွန်တော်ပြန်တုန်းက ညီမလေးနဲ့ အစည်းဝေးထိုင်ရာက ပေါ်ထွက်လာတဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော် လက်မြှောက်ခဲ့ရတယ်။ တနေ့က ဖုန်းဆက်တော့မှ သူလိုချင်တဲ့ အချက်လက်နဲ့ ကိုက်ညီမှုရှိတဲ့ Gudie အမ တစ်ယောက်ကို အပ်လိုက်ပါပြီတဲ့။ တစ်နှစ်စာ အပြတ်ပေးရမယ်၊ တစ်ပတ်လေးချိန်၊ တစ်ချိန်နှစ်နာရီ ဆိုပြီး သိရတယ်။ တစ်နှစ်စာကို လေးသိန်းခွဲလောက်ကျပါတယ်။ စာသင်တဲ့ Gudie အမက ဆိုင်ကယ်နဲ့ ဟန်းဖုန်းနဲ့ပါတဲ့။ အချိန်တောင် သိပ်များများ ယူလို့ မကျန်တော့ပါတဲ့ဗျာ။ တောင်ငူက ဒီနေ့ Guide ဈေးကွက်အကြောင်း တစေ့တစောင်း သိလိုက်ရပါတယ်။


Guide အကြောင်း စဉ်းစားမိတော့ ကိုယ့်တုန်းက Guide ဆရာတွေကို သတိရမိသွားတယ်။ ပထမဆုံးက ဆရာတစ်ယောက် စီစဉ်ပေးတဲ့ သာဂရမြို့က အကိုပါ။ သူ Guide လုပ်ပုံကို ကျွန်တော် သဘောမကျပါဘူး။ အဆင်မပြေဘူးပဲ ထားပါတော့။ အားနာစွာနဲ့ပဲ ရပ်လိုက်တယ်။ ဒီတစ်ခါတော့ ဆရာမကို တစ်လှည့် အကူအညီ တောင်းရတယ်။ ဒုတိယ Guide အကိုက ကျွန်တော်တို့ ထ-၂ ကပဲ ။ အိမ်ချင်းကလဲ နီးနီးလေး။ ကျွန်တော်နဲ့လဲ ကျောင်းမှာကတည်းက မျက်မှန်းတန်းမိတယ်။ ဒီလိုနဲ့ ၂လလောက်လားပဲ သင်ရသေးတယ်။ အကိုက စစ်/ဆေး သွားတက်တော့မှာဆိုတော့ ကျွန်တော့်မှာ စိတ်ဆင်းရဲရသေးတယ်။ အဲဒီအချိန်က Guide ရှာရခက်တဲ့အပြင် ကိုယ်နဲ့ အဆင်ပြေတဲ့ Guide ကိုယ်သဘောကျတဲ့ Guide ရဖို့က ပိုခက်ပါတယ်။ Guide နဲ့ အဆင်ပြေမှလည်း စာလုပ်ရတာ စိတ်ချမ်းသာပါတယ်။ စိတ်ဓါတ်ရေးရာက အဲဒီအချိန်မှာ အရေးကြီးပါတယ်။ ဒီလိုနဲ့ ဆရာမဆီပြေးပြီး အပူကပ်ရပြန်တယ်။ ဒီတစ်ခါတော့ အကိုသုံးယောက်စုပြီး ဘာသာ (၉)ဘာသာကို ခွဲဝေသင်ပေးတဲ့ အဖွဲ့ကလေးဗျ။ နာမည်ပေးထားသေးတယ် "ညမွှေးပန်း" တဲ့။ နောက်ဆုံးတော့ အဲဒီ ညမွှေးပန်းလေးနဲ့ပဲ စာမေးပွဲကြီး ပြီးတဲ့အထိ အောင်မြင်စွာနဲ့ သင်ခွင့်ရခဲ့ပါတယ်။ အဲဒီအကို သုံးယောက်လုံးက တစ်ချိန်မှာ ကျွန်တော့်ရှေ့နှစ်တန်းက Senior တွေ ဖြစ်လာမဲ့ YIT ကျောင်းသားတွေ ဖြစ်လာလို့ပါပဲ။


တကယ်တော့ ဆယ်တန်းမှာ Guide ခေါ်ဖို့ မစဉ်းစားထားပါဘူး။ မိဘတွေက ခေါ်ပေးချင်ပေမယ့် ကျူရှင်က ဝိုင်းမှာ တက်ထားတော့ အကုန်ကျ ပိုများထားလို့ ကျွန်တော်က ချွေတာချင်တာပါ။ ဒါပေမယ့် အောက်တိုဘာလ ရောက်တော့ စာမေးပွဲလည်း နီးလာသလို Guide တွေ အများဆုံး စခေါ်ကြတဲ့ အချိန်လည်းရောက်လာတယ်။ မိဘတွေကလည်း စာမေးပွဲနီးလာတော့ Guide ခေါ်စေချင်ပြီ။ တစ်ရက်တော့ ထိုင်းက စစ်သဘောင်္ကြီးတစ်စီး ဝယ်တယ်။ အဲဒီမှာ ဇာတ်လမ်းစတာ။ ခေါင်းရင်းအိမ်မှာ စလောင်းတပ်ထားတော့ တစ်နေ့လယ်မှာ စစ်သဘောင်္ကြီးပြရင်း မြင်လိုက်ရတဲ့ ဂဏန်းသုံးလုံးကို လှမ်းပြောတယ်။ ထိုးကြတယ်။ ကျွန်တော်ကလည်း ပြောလိုက်မိတယ်။ အဲဒီဂဏန်း ပေါက်ရင်တော့ Guide ခေါ်သင်မယ်လို့။ နှစ်ပတ်ဆက်တော့ ထိုးလိုက်ရတယ်ဗျာ။


ထွက်လာတယ်ဗျာ။ ဒဲ့ ကြီး ထွက်လာပါတယ်။ ကထိန်သင်္ကန်းကပ် အလှူလည်း လုပ်လိုက်ရတယ်။ ကျွန်တော်လည်း Guide ခေါ်ပေးတာကို ငြင်းမရတော့ဘူး။ ကျောင်း၊ ကျူရှင်၊ ဆရာ၊ မိဘ အဖက်ဖက်က ပံ့ပိုးမှုတွေ လိုလေသေးမရှိအောင် ပြည့်စုံနေပေမယ့် ကျွန်တော်က စာကျက်ရင် အရမ်းအိပ်ငိုက်ပါတယ်။ စာဖြေရင် မျက်စိသျှမ်းပါတယ်။ အပျင်းလည်း နည်းနည်းကြီးတယ်။ ကိုယ့်ဘာသာဆိုရင် ဒီလောက်ထိ အမှတ်ကောင်းချင်မှ ကောင်းမှာပါ။ (ဒီလောက်ထိဆိုတာ ကျွန်တော်ရခဲ့တဲ့ အမှတ်ပေါင်း ကိုသာ ဆိုလိုတာပါ။ မတရား မြင့်မားနေတာ မဟုတ်ပါ)။ Guide အကိုတွေ သေချာပြင်ဆင် မွမ်းမံပေးလိုက်လို့ ရလဒ် ပိုမိုကောင်းခဲ့တာပါ။


အဲဒါကြောင့် ထိုင်းက စစ်သဘောင်္အမှတ် ၄၁၃ ကို ကူးတို့အဖြစ် သုံးပြီး ကမ်းတစ်ခုကို ရောက်အောင် လာခဲ့ဖူးပါတယ်လို့။ (ပေါက်ပေါက်ရှာရှာ ရေးသားလိုက်ပါတယ်)

9 comments:

ဟဟားး)

"တောင်ငူသား
စစ်သဘောင်္နဲ့လာသည် "
ဆိုလို့ လာဖတ်တာ...:D
 
နွေးနေခြည်
Happy New Year !!!!!!!!!!!
 
ဒန်.. ဒန့်.. ဒန်.. ဖြစ်ရမယ်ဗျို့..
ီညီမလေးက ဂျီးအများသား.. တစ်နှစ်စာကြီးအပ်လိုက်တော့ ကြားထဲအဆင်မပြေရင် ဒွတ်ခ။ ငွေပြန်တောင်းလို့လည်းမကောင်းတော့။ အဆင်လည်းပြေစေ၊ စာမေးပွဲလည်းအောင်ပါစေပေါ့း)
 
အင်း နှစ်ပြတ် ၄ သိန်းခွဲ ဆိုတာ တော်တော်များတာပဲ။ ကျွန်တော် Guide တော့ မလုပ်ဖူးပါဘူး။ ဒါပေမယ့် 1995 လောက်တုန်းက Gide ငှားတာ ၁ လ ၃၀၀၀ လားမသိဘူး .. အဲဒါတောင် ဆေးကျောင်းက ဆရာဝန် စာတော်လွန်းလို့ အဲဒီလောက်ပေးရတာ ဆိုပဲ။ ကုန်ဈေးနှုန်းလို Guide ဈေးနှုန်းလည်း ကောင်းလာပြီ :D
 
ကိုတောင်ငူကတော့ လုပ်ပြီ… ဖတ်ရင်း စစ်သင်္ဘောနဲ့ ဂိုက် ဘယ်လိုများ ပတ်သက်နေပါလဲလို့  တွေးမိတာ အဆုံးမှ သဘောပေါက်တော့တယ်။ အမတို့ ခေတ်က ဂိုက်မပေါ်သေးဘူး။အမမောင်လေး ခေတ်ကလဲ သိပ်ခေတ်မစားသေးဘူး။ စာကျက်ပျင်းတဲ့မောင်လေးကို အမေက စာပြပေး၊ စာအတူကျက်ပေးဖို့  ဆေးကျောင်းက ကောင်လေးတယောက်ကို ဂိုက်သဘောမျိုးငှားပေးရတယ်။ ကြုံတိုင်းအမေကပြောတယ်… ဂိုက်ဆိုတာ သူ့ သားက စတာတဲ့…။ ညီမလေးလက်ထက်ကျတော့ အတော်ကို ခေတ်စားလာတာ တက္ကသိုလ်မဖွင့်ခင် အတော်ကို ၀င်ငွေကောင်းလိုက်သေးတယ်…။
 
အမလေး ဈေးကြီးတာ ။ အဲ့လိုသာဆို ခက်ရသေး။
မအယ်တို့ဆို ၃ဘာသာ ၂၅ ကျပ် ပဲပေးရတယ်။ ၃ယောက်တက်လို့ တယောက် ဖရီးရသေး။ အတန်းထဲ လူ ၂၀၀ လောက် ရှိတယ်။ ပျော်စရာကြီး ဆူညံနေတာပဲ။
ဆရာ ကတော်ကလည်း ကောက်ညှင်းပေါင်းတို့ ပြောင်းဖူးပြုတ်တို့ အလကားကျွေးတယ်။


မအယ်
 
မအယ်တို့ တောမှာ ဒါမျိုး မရှိတာပါ၊ အသိ ဆရာဝန် သမီးက အဲ့ကတည်းက တသိန်းတန် ဘောဒါ ထားတယ်တဲ့။ အံ့ရော ပြီးတော့ မအောင်ဘူး။
 
This comment has been removed by a blog administrator.
 
ပညာရေးအတွက်ပဲရင်းရမှာပေါ့.....ဒါပေမဲ့
တစ်ခုတော့ကြိုပြောထားပေါ့
ယောက်ျားမယူးသေးနဲ့ဦးလို့
 

Popular Posts