အဝါ၊ အစိမ်း နှင့် အနီရောင်တို့ကို ထင်ရှားစွာ အများဆုံး အသုံးပြုထားသော ကမ္ဘာ့နိုင်ငံ အသီးသီးတို့၏ နိုင်ငံတော်အလံများကို ရှာဖွေလေ့လာကြည့်ရာ ဥရောပမှ Lithuania ၊ တောင်အမေရိကမှ Bolivia နှင့် Guyana၊ အာဖရိကမှ Ghana, Ethiopia, Guinea, Mali, Senegal, Cameroon, Congo, Benin နှင့် Guinea-bissau အစရှိသည့် အလံတော်များကို တွေ့ရှိရပါသည်။
တိုက်ကြီးများအလိုက် ဆိုရသော် ဥရောပတိုက်မှ (၁)နိုင်ငံ၊ တောင်အမေရိကတိုက်မှ (၂)နိုင်ငံနှင့် အာဖရိကတိုက်မှ (၉)နိုင်ငံဖြစ်ရာ လက်ရှိ အသုံးပြုနေကြပြီးဖြစ်သော ဝါ၊စိမ်း၊နီ အရောင်သုံးမျိုးကို ထင်ရှားစွာအသုံးပြု၍ သတ်မှတ်သုံးစွဲထားသော နိုင်ငံများမှာ (၁၂)နိုင်ငံ ရှိနှင့်ပြီး ဖြစ်သည်။
အဆိုပါ (၁၂)နိုင်ငံအနက် (၄)နိုင်ငံမှာ ယင်းအရောင်သုံးမျိုးကို အလျားလိုက် သုံး၍လည်းကောင်း၊ အခြား (၄)နိုင်ငံမှာ ဒေါင်လိုက် သုံး၍လည်းကောင်း၊ ကျန် (၄)နိုင်ငံမှာ အလျား၊ ဒေါင်လိုက်၊ ကန့်လန့်စသည်ဖြင့် သုံးစွဲ၍လည်းကောင်း သတ်မှတ်ထားကြသည်။
ထို့ပြင် (၅)နိုင်ငံတို့၏ အလံတော်များတွင် "ကြယ်"သင်္ကေတကို ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ထည့်သွင်းထားပြီး၊ တစ်နိုင်ငံမှာ အခြားသင်္ကေတ ထည့်သွင်းထားသည်။ ကျန် (၆)နိုင်ငံတွင်မူ မည်သည့်သင်္ကေတမျှ ထည့်သွင်းထားခြင်း မရှိပေ။

Lithuania (ဥရောပ)

Ghana (အာဖရိက)

Mali (အာဖရိက)

Senegal (အာဖရိက) Cameroon (အာဖရိက)

Guinea-bissau (အာဖရိက)

flags source: google
7 comments:
ရှာဖွေစုဆောင်းလိုက်တာ ည တစ်ချက်တီးမှပဲ အလံ အစုံရတော့တယ် အမ ရေ :)
>>ကိုကလူသစ်
ဖွ.. ဖွ.. လွဲပါစေ ပယ်ပါစေ.. ကလူသစ်ပြောတဲ့အတိုင်း မဖြစ်ပါစေနဲ့ဗျာ..း(
(ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအလံ - မာနယ်ပလော) - http://thawthikho.blogspot.com/2010/10/blog-post_3958.html
ဒါ့ပြင် http://en.wikipedia.org/wiki/Flag_of_Burma
လည်း မဆိုးလှပါဘူး။
Post a Comment