တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Wednesday, January 13, 2010

စစ်ဆေးရေးမှူး ခြင်္သေ့လေး


တောင်ငူကို ရောက်ဖြစ်လို့ မြတ်စောညီနောင်ဘုရားဖူး သွားမယ်ဆိုရင် နောင်တော်စေတီ ရင်ပြင်တော်ပေါ်က ပဲများနေတဲ့ ခြင်္သေ့လေးတစ်ကောင်ကို ခုလိုမြင်နိုင်ပါတယ်။ အခြားဘုရားစေတီများမှာ မြင်ရခဲတဲ့ အနေထားမျိုးနဲ့ ခြင်္သေ့လေးပါ။ သူရဲ့ ညာလက်တစ်ဖက်ကို မြှောက်ပြီး ငှက်တစ်ကောင်ကို ဖမ်းထားတဲ့ပုံ ထုဆစ်ထားပါတယ်။ ဘယ်လိုအဓိပ္ပါယ်ယူပြီး ယခုလို ပုံဖော်ထားလဲဆိုတာတော့ မသိခဲ့ရပါဘူး။


စဉ်းစားမိတာတစ်ခုက ခြင်္သေ့လို အကောင်တွေကို ခြေထောက်လေးဖက် ပါတယ်လို့ ပြောရင် ခြင်္သေ့မှာ လက်မပါဘူး ဖြစ်နေမယ်။ ခြေထောက်နှစ်ဖက်၊ လက်နှစ်ဖက်ပါတယ်လို့ ပြောရင်ကော...


နောက်တစ်ခုက ခြင်္သေ့ရုပ်ကြီးတွေ မြင်လို့ သဘောကျပြီး သွားကိုင်ကြည့်ချင်တယ်ဆိုရင် သတိထားပါလို့ ပြောလိုက်ပါရစေ။ ဘာလို့လဲဆိုတော့ ခြင်္သေ့ရုပ်ကြီးတွေဟာ ဖင်တုံ နေတတ်တာကြောင့် တို့ထိမိတဲ့ လူကြီးမင်းတို့ပါ လိုက်ပြီး တုံမှာစိုးလို့ပါ။ မယုံရင် ခြင်္သေ့ရုပ်ကြီးတွေ တွေ့တဲ့အခါ သွားကိုင်ကြည့်လိုက်ပါ။ လက်တွေ့သိရပါလိမ့်မယ်။ :P


အခုမြင်နေရတဲ့ ခြင်္သေ့လေးကတော့ လူကြီးမင်း ယခုသုံးနေတဲ့ ကွန်ပြူတာနဲ့ အနီးတဝိုက်အတွက် သန့်ရှင်းမှု ရှိမရှိကို လက်တွေ့ စစ်ဆေးပေးပါလိ့မ်မယ်။ :)

7 comments:

ဟားဟား............ တို့မကြည့်ပါဘူး.. သိသားပဲ..
ခြသေီ့ ဖင်တုန်တာ
 
ကဲ…ဒုက္ခ… ခြင်္သေ့ပုံသားကို ပြမိတော့ အရမ်းစိတ်ဝင်စားသွားပြီး ရာဇ၀င်ကို မေးနေပြီ ကိုတောင်ငူရေ… လုပ်ပါဦး
 
တောင်ငူကို မရောက်ဖူးတော့ အဲဒီခြသေ့င်္လေး အကြောင်း မသိပါ ကိုရင်တောင်ငူရေ

ပြည့်ပြည့်စုံစုံလေး ရေးပါအုံး

ခင်မင်စွာဖြင့်
သီဟသစ်
 
အယ်.. ထူးဆန်းလိုက်တာ.. တခါမှ မတွေ့ဖူးဘူး။
နောက်ဆုံးတကြောင်းတော့ နားမလည်ဘူး
 
နွေးနေခြည်
ခြင်္သေ့ဖင်တုန်တယ်ပြောတာလဲ နားမလည်ဘူး... အရုပ်ကြီးက ဘယ်လို ဖင်တုန်မတုန်း... နောက်ဆုံအကြောင်းလဲ နားမလည်ဘူး...
လင်းပါအုံး ကိုတောင်ငူရေ...
 
ခြင်္သေ့လေး အဲဒီလိုပုံ ဖြစ်နေရခြင်းအကြောင်းကို ကျွန်တော်လည်း တကယ်မမေးခဲ့ရလို့ မသိခဲ့ပါခင်ဗျား။ နောင် အခွင့်သင့်လို့ သိလာခဲ့ရင် ဖော်ပြပေးပါမယ်။

"ဖုန်တင်" ဆိုတဲ့ ကိစ္စကတော့ ရှင်းပါတယ်။ "ဖင်တုန်" တာကို ပြောင်းပြန်ပြောခြင်းပါ ခင်ဗျား။

အောက်ဆုံး အကြောင်းကတော့ ကွန်ပြူတာ screen မှာ ဒီခြသေ့င်္လေးပုံ မြင်နေရချိန် ဖင်တုန် မတုန် လက်နဲ့ ပွတ်ကြည့် စမ်းကြည့်လို့ လက်မှာ ဖုန်တွေ တကယ်ပဲ ပေလာတယ်ဆိုရင် လူကြီးမင်းတို့ရဲ့ ကွန်ပြူတာ မျက်နှာပြင်ကို သန့်ရှင်းရေးလုပ်ဖို့ လိုနေပါပြီ။ ဖုန်တောင် တက်နေပါပြီ ဆိုတဲ့ သဘောပါ။း)

ကျွန်တော် စာရေးထားတာတွေက တခါတလေ အဆင့်တွေ တော်တော်ကျော်တွေးပြီး ရေးထားသလို ဖြစ်နေတဲ့အတွက် နောင်ဆို သတိထားပါ့မယ် ခင်ဗျား။

အားလုံးကို ကျေးဇူးတင်ပါတယ်။
 
ဖင်တုန်တော့ ဖုန်တင်တာပေါ့ဗျာ အဟီး
ဒိုဆာ(တောင်ငူသားပါ)
 

Popular Posts