မြင်မြင်သမျှ
အလိုမကျတာ တွေ့တိုင်း
ဝင်ဝင်ကာ ပြော
ကြာတော့ နင်မောလာတယ်။
ဘယ်သူတွေဘာလုပ်
မဟုတ်တာ တွေ့တိုင်း
ဝင်ဝင်ကာ ပြော
ကြာတော့ နင်မောလာတယ်။
အမြင်မတော် ဆင်တော်နဲ့ခလောက်
သူ့ဟာသူ
ဆင်နဲ့ခလောက် မသင့်လျော်
ဘာမှ နင် ဖော်နေစရာမလိုဘူး။
မှန်တာလုပ် ဟုတ်တာပြော
သူ့ဟာသူ
မှားချင်မှား သွားချင်သွား
ဘာမှ နင် ပွားနေစရာမလိုဘူး။
နှစ်မွှာအသည်း ဇာတ်လမ်းထဲက
ဒေါ်မြလေးစကား နင် ဆောင်ထားလော့
“မပြောတော့ဘူး မပြောတော့ဘူး
ဘာမှကို မပြောတော့ဘူး”။ ။
သတင်းကဏ္ဍမှာရင်းနှီးမြှုပ်နှံခြင်း – California ၏ အနာဂတ်အတွက် Civic
Infrastructure သည် အဘယ်ကြောင့် အရေးပါသနည်း
-
သတင်းကဏ္ဍမှာရင်းနှီးမြှုပ်နှံခြင်း – California ၏ အနာဂတ်အတွက် Civic
Infrastructure သည် အဘယ်ကြောင့် အရေးပါသနည်း။ Senator Steven Glazer (Ret.)
နှင့် ACoM Co-...
2 months ago
4 comments:
ကြိုက်တယ်...။
ဘယ်လိုများရေးလိုက်တာလဲ.....
အတွေးနဲ့ လက် တစ်ထပ်တည်းဘဲ။
မပြောဘဲ နေရတာ သိပ်တော့ အဆင်မပြေဘူး။
ဒီကဗျာလေးက ပြောစရာ တွေ့လာရင် ကိုယ့်ဘာသာ အရင်သတိပေးဖို့ အမှတ်တရ ရှိတာပေါ့..။
အတွေးတူသွားလို့ ဖြစ်မယ် သူငယ်ချင်းရေ
ဆရာဆူးသို့
ချလွတ် ချလွတ်ဆိုပြီး တစ်ထိုင်တည်းရေးလိုက်တာပဲ ဆရာဆူးရ
ညီမ ရွှန်းမီသို့
ဟုတ်တယ်ညီမရဲ့။ အဓိကက ကိုယ့်ကိုယ်ကို သတိပေးဖို့ ရေးဖြစ်တာပါ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
အေးချမ်းပျော်ရွှင်ကြပါစေ။
မေတ္တာဖြင့်
Post a Comment