တစ်ခါတုန်းက ငါးကြော်မကြိုက်ခဲ့တဲ့ ကြောင်မိုက်ကလေးတစ်ကောင်ဟာ မထင်မှတ်ဘဲ စားခဲ့မိတဲ့ ငါးကြော်ရဲ့ အရသာကို တပ်မက်စွဲလန်းသွားလို့ တမ်းတမ်းတတဖြစ်နေတုန်း ငါးကြော်စားရဖို့ကံက အကြောင်းဖန်လာတော့ မုတ်ဆိတ်ပျားစွဲ အဖျားသည်းတာကို အကြောင်းပြုပြီးသကာလ ကြွက်ခုတ်လည်း မထွက်၊ အိမ်မှာ လူမရှိတဲ့တစ်ရက်မှာ ငါးကြော်ခိုးစားမိပုံကို စာဆိုရှင် အမည်မသိ “တစ်တို့” က မည်သို့မည်ပုံ ပြောင်မြောက်စွာ တို့ထိလိုက်ပုံကို အောက်ပါအတိုင်း ရှုစားတော်မူကြပါ။
"ဖျားနေတဲ့ ကြောင်"
အိမ်မှာမွေးတဲ့ ကြောင်သူတော်
ငါးကြော်ဆာလို့ အော်။
တစ်နေ့သောခါ ထိုကြောင်ပါး
ခါးနာလို့ ဖျား။
အကြောင်းရှာလို့ ခွင့်စာတင်
ကြွက်ခုတ် မထွက်ချင်။
အိမ်မှလူများ အပြင်သွား
ငါးကြော် ခိုးကာစား။
ကြွပ်ကြွပ်မြည်အောင် ဝါး။
အားရှိတယ် ဗျား။
ငါးကြော်ဆာလို့ အော်။
တစ်နေ့သောခါ ထိုကြောင်ပါး
ခါးနာလို့ ဖျား။
အကြောင်းရှာလို့ ခွင့်စာတင်
ကြွက်ခုတ် မထွက်ချင်။
အိမ်မှလူများ အပြင်သွား
ငါးကြော် ခိုးကာစား။
ကြွပ်ကြွပ်မြည်အောင် ဝါး။
အားရှိတယ် ဗျား။
စာဆိုရှင် - တစ်တို့
19 comments:
ခွင့်ယူတာလား..ဟိုဟာလား..ဒီဟာလား..
machine .. machine မရှင်းမရှင်းနဲ့...
ခင်မင်စွာဖြင့်
သီဟသစ်
အရိုးရောကျန်သေးရဲ့လား
တောင်ငူရေ
အလုပ်များနေလို့ အခုမှလာနိုင်တယ်
ဆရာကြီးမောင်စွမ်းရည်ကို အဲဒီကိစ္စမေးကြည့်တယ်
ဆရာဇော်ဂျီက အမေမှာကိုရော
မမကြီး (အင်းလျားက ခြင်းကြား) ကိုရော
ဒီကဗျာကို ပေးတာတဲ့။
မမကြီး (အင်းလျားက ခြင်းကြား) ဆိုတာ အခြားတယောက် လို့ပြောတယ်။ ကျောင်းအုပ်ဆရာမ
လုပ်တယ်တဲ့။
ဆရာစွမ်းပြောပြလို့ သိရတာ
ခင်မင်လျက်
"ဖျားနေတဲ့ ကြောင်"
ကဗျာလေးကိုဖတ်သွားတယ်
ဆန်းတယ်
ပျော်ရွှင်ပါစေ
ကဗျာဖတ်ပြီး ပြုံးမိပါတယ်
ငါးကြော်တော့ ကုန်ပြီထင်ရဲ့ ။
အဆင်ပြေပျော်ရွှင်ပါစေသားးးးး
အိမ်ပြန်ရမှပဲ ဖျားတော့မယ်ဗျာ၊ ခုတော့ စုထားလိုက်ဦးမယ်။
**********************************
ကျွန်တော်ရဲ့ ကွန့်မန့်တစ်ခုအပေါ် တခုတ်တရ အကြောင်းပြန်ကြားပေးသွားတဲ့ အမကြီး မသက်ဇင် ကို ကျေးဇူးတင်စွာနဲ့ လေးစားမိပါတယ် အမခင်ဗျာ။
မေတ္တာဖြင့်
Post a Comment