တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Monday, June 8, 2009

ဖျားနေတဲ့ ကြောင်

တစ်ခါတုန်းက ငါးကြော်မကြိုက်ခဲ့တဲ့ ကြောင်မိုက်ကလေးတစ်ကောင်ဟာ မထင်မှတ်ဘဲ စားခဲ့မိတဲ့ ငါးကြော်ရဲ့ အရသာကို တပ်မက်စွဲလန်းသွားလို့ တမ်းတမ်းတတဖြစ်နေတုန်း ငါးကြော်စားရဖို့ကံက အကြောင်းဖန်လာတော့ မုတ်ဆိတ်ပျားစွဲ အဖျားသည်းတာကို အကြောင်းပြုပြီးသကာလ ကြွက်ခုတ်လည်း မထွက်၊ အိမ်မှာ လူမရှိတဲ့တစ်ရက်မှာ ငါးကြော်ခိုးစားမိပုံကို စာဆိုရှင် အမည်မသိ “တစ်တို့” က မည်သို့မည်ပုံ ပြောင်မြောက်စွာ တို့ထိလိုက်ပုံကို အောက်ပါအတိုင်း ရှုစားတော်မူကြပါ။


"ဖျားနေတဲ့ ကြောင်"


အိမ်မှာမွေးတဲ့ ကြောင်သူတော်
ငါးကြော်ဆာလို့ အော်။

တစ်နေ့သောခါ ထိုကြောင်ပါး
ခါးနာလို့ ဖျား။

အကြောင်းရှာလို့ ခွင့်စာတင်
ကြွက်ခုတ် မထွက်ချင်။

အိမ်မှလူများ အပြင်သွား
ငါးကြော် ခိုးကာစား။

ကြွပ်ကြွပ်မြည်အောင် ဝါး။
အားရှိတယ် ဗျား။
စာဆိုရှင် - တစ်တို့

19 comments:

ခွင့်ယူထားတယ်ဆိုတဲ့ လူက ကြောင်လားဗျ
 
ဖျားချင်လာပြီ...။
 
တကယ့်ငါးကြော်ရောဟုတ်ရဲ့လား...
 
ဝှက်စာ လား .. အဓိပာယ် က ၂ မျိုးဖြစ်နေတယ် နော့
 
ိကိုတောင်ငူ
ခွင့်ယူတာလား..ဟိုဟာလား..ဒီဟာလား..
machine .. machine မရှင်းမရှင်းနဲ့...

ခင်မင်စွာဖြင့်
သီဟသစ်
 
အင်း ................
 
စားတတ်ပါ့
အရိုးရောကျန်သေးရဲ့လား
 
ဆရာကြီးဇော်ဂျီ က မမကြီး (အင်းလျားက ခြင်းကြား)ကို ရေးပေးတယ်ဆိုတဲ့ ကဗျာလေးကိုတော့ ဖတ်ဖူးပါတယ်။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် အဘွားလူထုဒေါ်အမာ မွေးနေ့အမှတ်တရ ထုတ်တဲ့ စာအုပ်မှာ ဖတ်ဖူးခဲ့တယ်လို့ ထင်ပါတယ်။ အဲဒီစာအုပ်ထဲမှာ ရေးထားပုံအရဆိုရင် တက္ကသိုလ်တက်စဉ်က အဖွားမာအတွက် အမှတ်တရ ရေးပေးခဲ့တဲ့ ကဗျာလေးကို ပြန်လည် ထည့်သွင်းဖော်ပြထားတာလို့ ရေးထားပါတယ်။ မမကြီး (အင်းလျားက ခြင်းကြား) ဟာ အဖွားမာရဲ့ ကလောင်ခွဲ တစ်ခုများ ဖြစ်လေမလားပဲ။

တောင်ငူရေ
အလုပ်များနေလို့ အခုမှလာနိုင်တယ်
ဆရာကြီးမောင်စွမ်းရည်ကို အဲဒီကိစ္စမေးကြည့်တယ်
ဆရာဇော်ဂျီက အမေမှာကိုရော
မမကြီး (အင်းလျားက ခြင်းကြား) ကိုရော
ဒီကဗျာကို ပေးတာတဲ့။
မမကြီး (အင်းလျားက ခြင်းကြား) ဆိုတာ အခြားတယောက် လို့ပြောတယ်။ ကျောင်းအုပ်ဆရာမ
လုပ်တယ်တဲ့။
ဆရာစွမ်းပြောပြလို့ သိရတာ
ခင်မင်လျက်
 
တောင်ငူရေ
"ဖျားနေတဲ့ ကြောင်"
ကဗျာလေးကိုဖတ်သွားတယ်
ဆန်းတယ်
ပျော်ရွှင်ပါစေ
 
ခါးနာရင် ဖျားရောလား ဟင်
ကဗျာဖတ်ပြီး ပြုံးမိပါတယ်
 
အတောင်ရေ (သက်ပိုင်သူကို အသက်ခေါ်လို့ သူ့ကို အတောင်လို့ခေါ်ရတာပါ ဗျာ) ငါးကြော်စားချင်တယ်...ခုတော့ ကျန်းမာရေးက ဒေါင်ဒေါင်းမြည်လျက်
 
စာလာဖတ်တာ ဖျားချင်ချင်ဖြစ်သွားတယ်။း)
ငါးကြော်တော့ ကုန်ပြီထင်ရဲ့ ။
အဆင်ပြေပျော်ရွှင်ပါစေသားးးးး
 
နေမကောင်းရင် မေကြီးက ထမင်းဆီဆန်းကို ဆုပ်ပြီး ငါးကြော်လေးနဲ့ကျွေးနေကျဗျ။
အိမ်ပြန်ရမှပဲ ဖျားတော့မယ်ဗျာ၊ ခုတော့ စုထားလိုက်ဦးမယ်။
 
ခုချိန်ထိ ကြောင်က ဖျားနေတုန်းပဲလား။
 
တိရစ္ဆာဆေးကု ဆရာဝန် လွှတ်ရဦးမလား
 
ပြောကာမှ ငါးကြော်စားချင်လာပြီ။ ဒီမှာ ငါးဈေးကြီးလို့ သိပ်မစားဖြစ်ဘူး။
 
ကြောင်ပါး ပဲ...။
 
nice poem brother. i like it
 
“ဖျားနေတဲ့ ကြောင်” ကို ဒီတိုင်းလေးပဲ မဖြေရှင်းဘဲ ထားလိုက်ပါတော့မယ်။ သည်းခံတော်မူကြပါ။ စာမူခရှင်များထဲမှာပဲ ရှာကြည့်ရင် အဖြေကို တွေ့ကောင်းတွေ့နိုင်ပါတယ်။

**********************************

ကျွန်တော်ရဲ့ ကွန့်မန့်တစ်ခုအပေါ် တခုတ်တရ အကြောင်းပြန်ကြားပေးသွားတဲ့ အမကြီး မသက်ဇင် ကို ကျေးဇူးတင်စွာနဲ့ လေးစားမိပါတယ် အမခင်ဗျာ။

မေတ္တာဖြင့်
 

Popular Posts