ကျီးပါးစပ်နားက အကြော်ဆိုင်ရဲ့ အောက်ဖက်ကနေ ရေတံခွန်ဆင်းတဲ့ ဖြတ်လမ်းကို ရောက်ပါတယ်။ အရင်က ဒီဖြတ်လမ်း မရှိသေးဘူးလို့ သိရတယ်။ တောထဲ ထင်းဝါးရှာသူတွေ သွားတဲ့လမ်းလို့ ပြောတယ်။ လမ်းက တောက်လျှောက် အဆင်းချည်းပါပဲ။ မတ်တဲ့နေရာက မတ်တယ်။ အပေါ်ကနေ ဆင်းရင် လမ်းတစ်ဝက်လောက်ထိက အရိပ်မရှိဘူး။ လမ်းလေးက လူတစ်ကိုယ်စာလောက်ပဲ။ ဘေးမှာက တောင်စောင်း ဆင်းလျှောတွေရှိတယ်။ အဝေးက မြင်နေရတဲ့ ရှုခင်းတွေကတော့ တော်တော်လှတယ်။
လမ်းမှာ တောထဲက အပင်တွေခုတ်ပြီး တောင်ပေါ်ကို ထမ်းတင်နေတာ တွေ့ခဲ့တယ်။ တောင်တက်လမ်းက ဈေးဆိုင်တွေကြတော့ အဲဒီမျှောတိုင်တွေနဲ့ပဲ တိုင်ထူကြတယ်။ ဒီခရီးကို ရိုးရိုးတက်ဖို့ မပြောနဲ့ အဆင်းတောင် သတိထားဆင်းရတယ်။ မတော်လို့ ချော်ကျရင် နောက်လူတွဲခေါ်ဖို့တောင် မလွယ်ဘူး။ သူတို့ခမျာတော့ အတက်ကို သစ်လုံးထမ်းပြီး တက်ရရှာတယ်။ အဲဒီသစ်တစ်လုံးကို တန်ဖိုးဘယ်လောက်လဲတော့ မမေးခဲ့မိဘူး။ အမျိုးသမီးပါ အမျိုးသားနဲ့တန်းတူ သယ်တာဗျ။
လမ်းတစ်ဝက်နားရောက်မှ တောထဲ အပင်တွေကြားထဲ ရောက်လာတယ်။ အရိပ်ရလာတယ်။ ရေတံခွန်က ပြန်တက်လာတဲ့ အဖွဲ့တချို့လည်း တွေ့တယ်။ သူတို့ တော်တော်ဟိုက်နေကြပြီ။ လမ်းက ဖြတ်လမ်းဖြစ်တာရယ် လူသိနည်းသေးတာရယ်ကြောင့် ရေတို့ အချိုရည်တို့ ရောင်းတဲ့ ဆိုင်တော့ သိပ်များများမရှိပါဘူး။ အရိပ်လေးတွေ ရှိတဲ့ နေရာတချို့မှာတော့ ဝါးထိုင်ခုံလေးတွေ လုပ်ထားတာတွေ့တယ်။ ဒါလည်း သိပ်တော့မများပါဘူး။
လမ်းတစ်ဝက်နားရောက်မှ တောထဲ အပင်တွေကြားထဲ ရောက်လာတယ်။ အရိပ်ရလာတယ်။ ရေတံခွန်က ပြန်တက်လာတဲ့ အဖွဲ့တချို့လည်း တွေ့တယ်။ သူတို့ တော်တော်ဟိုက်နေကြပြီ။ လမ်းက ဖြတ်လမ်းဖြစ်တာရယ် လူသိနည်းသေးတာရယ်ကြောင့် ရေတို့ အချိုရည်တို့ ရောင်းတဲ့ ဆိုင်တော့ သိပ်များများမရှိပါဘူး။ အရိပ်လေးတွေ ရှိတဲ့ နေရာတချို့မှာတော့ ဝါးထိုင်ခုံလေးတွေ လုပ်ထားတာတွေ့တယ်။ ဒါလည်း သိပ်တော့မများပါဘူး။
လမ်းတစ်နေရာက ကရင်မိသားစုဆိုင်လေးကို ဖြတ်တော့ သူတို့ တောထဲက အမဲလိုက်လာတာတဲ့။ ဖြူကောင် နှစ်ကောင်နဲ့ ချေ(ဂျီ)ပေါင်တစ်ဖက်။ နောက်တစ်နေရာမှာ သင်းခွေချပ်တစ်ကောင်လဲ တွေ့ခဲ့တယ်။ အရှင်တော့ မဟုတ်ဘူး။ အသေပဲ။
ရေတံခွန်နားနီးလာတော့ ရေသံတွေ ကြားရတယ်။ ရေတံခွန်ရဲ့ အပေါ်ပိုင်းကို အရင်ရောက်တယ်။ အဲဒီမှာက ကျောက်တုံးတွေနဲ့ စမ်းချောင်းလေး စီးနေတယ်။ ထမင်းဆိုင်တစ်ဆိုင်တော့ရှိတယ်။ တောဆိုင်လေးပေါ့။ စားတဲ့သူတော့ စားနေကြတာပဲ။ ရေတံခွန်ကိုတော့ မမြင်ရသေးဘူး။ အဲဒီနေရာကနေ ရေတံခွန် ထိပ်ပိုင်းကို သွားလို့ရတယ်။ တချို့တော့ ဓါတ်ပုံသွားရိုက်ကြတယ်။ ရေတံခွန်ရှိတဲ့ အောက်ပိုင်းကို သွားဖို့ တောင်နံရံဘေးမှာ ကပ်ပြီး ဖောက်ထားတဲ့ တစ်ကိုယ်စာလမ်းလေးကနေ ဆင်းရတယ်။ အောက်ခံမြေသားက စိုပြီး ချော်နေတော့ သတိထားရတယ်။ ဘေးမှာတော့ ချောက်ရှိတယ်။ နွယ်ကြိုးကို ကိုင်ပြီး ကျောက်တုံးတွေကြားကနေ ဖြည်းဖြည်းဆင်းရတယ်။
ကျွန်တော်တို့ သွားတဲ့အချိန်က ဒီဇင်ဘာလဆိုတော့ ရေနည်းနေပါပြီ။ ရေတံခွန်ဆိုတာက ရေများလေ ကြည့်လို့လှလေပါပဲ။ ရေတံခွန်ရှိတဲ့ အောက်ပိုင်းမှာ ပတ်ဝန်းကျင် တစ်ခုလုံးက သစ်ကြီးဝါးကြီးတွေနဲ့ အုံ့ဆိုင်းနေပေမယ့် နေရောင်တော့ ရပါတယ်။ ဓါတ်ပုံရိုက်လို့တော့ သိပ်မကောင်းဘူး။ အပျော်တမ်းကင်မရာ ဖြစ်နေတာလဲ ပါမယ်။
ရေတံခွန်က ရေကျတဲ့ နေရာတစ်ဝိုက်မှာ ရေအိုင်အသေးလေးလို ဖြစ်နေတယ်။ ဘေးတစ်ဖက်က ကျောက်တောင်နံရံနဲ့ နောက်တစ်ဖက်က ဆင်းလာခဲ့တဲ့ တောင်စောင်းပါ။ ရေတံခွန်က လွင့်လာတဲ့ ရေမှုန်မွှားလေးတွေ လာလာစင်တော့ အေးနေတာလေးက နေလို့ကောင်းတယ်။
ကျဉ်းနေတဲ့ တောင်နံရံနှစ်ခုကြားက ရေတံခွန်စီးသွားတဲ့ စမ်းချောင်းကို အပြည့်ပိတ်ပြီး ရေတံခွန် စားသောက်ဆိုင်ဆိုပြီး ဖွင့်ထားပါတယ်။ အဲဒီဆိုင်ဆီကို သစ်သားတံတားလေးနဲ့ ဆက်ထားတယ်။ ဘုရားဖူးတွေ အလာများတဲ့ ရာသီချိန်မှာပဲ ဒီဆိုင်က ဖွင့်တာပါ။ ဘုရားဖူးတစ်ရာသီ ကုန်တာနဲ့ ဆိုင်ဆောက်ထားတဲ့ တိုင်တွေ အခင်းတွေ သစ်သားချောင်းတွေ အကုန်လုံးကို ပြန်ဖျက်ပြီး သယ်ရပါတယ်တဲ့။
ဆိုင်မှာက ထမင်းကြော်၊ ဗူးသီးကြော်၊ ကော်ပြန့်ကြော်၊ စမူဆာနဲ့ အပူအအေး၊ ရေသန့် စတာတွေ ရပါတယ်။ ဆိုင်မှာတင် ကြော်ရောင်းတာပါ။ ရေသန့်ဘူးကတော့ ထားပါတော့။ အအေးပုလင်းတွေကို သယ်ရောင်းရတာတော့ မလွယ်ပါဘူး။ ပုလင်းခွံတွေကို တစ်ခါပြန်သယ်ရပါသေးတယ်။ ဆိုင်က ရောင်းပေးတဲ့ ဈေးကလည်း သိပ်တော့မများပါဘူး။ ဒီလိုနေရာမျိုးထိ လာရောင်းပေးတာကိုပဲ ကျေးဇူးတင်ရပါသေးတယ်။ ဒီဆိုင်ရောက်တော့လည်း ဇာတ်လိုက်ကျော် လမ်းပြဂိုက်က ဘာမှ ကျွေးမရပြန်ဘူးခင်ဗျ။ အအေးသောက်ဆိုတော့လည်း မသောက်ပါဘူး။ ရေတံခွန်က ပြန်တက်မှ ဇာတ်လိုက် ဘာမှ ကျွေးမရတဲ့အကြောင်း သိခဲ့ရတယ်။
“ရေတံခွန်စားသောက်ဆိုင်” ဆိုတဲ့ ဆိုင်းဘုတ်မှာ ရေးထားတဲ့ စာသားတစ်ကြောင်းကတော့ ထူးခြားတယ်ခင်ဗျ။
“အမျိုးကောင်းသား အမျိုးကောင်းသမီး ရတနာများ စားသုံးသည်” တဲ့။ ကျွန်တော်တို့လည်း အမျိုးကောင်းသားလေးတွေ ဖြစ်အောင် အားပေးခဲ့ပါတယ်။
“ရေတံခွန်စားသောက်ဆိုင်” ဆိုတဲ့ ဆိုင်းဘုတ်မှာ ရေးထားတဲ့ စာသားတစ်ကြောင်းကတော့ ထူးခြားတယ်ခင်ဗျ။
“အမျိုးကောင်းသား အမျိုးကောင်းသမီး ရတနာများ စားသုံးသည်” တဲ့။ ကျွန်တော်တို့လည်း အမျိုးကောင်းသားလေးတွေ ဖြစ်အောင် အားပေးခဲ့ပါတယ်။
Bonus
“Happy World” ကြော်ငြာ ပြက္ခဒိန်လေးတွေ သစ်ပင်တွေမှာ ကပ်ပေးသွားတာ တွေ့ခဲ့ရတယ်ခင်ဗျ။ တောထဲတောင်ထဲ ပြက္ခဒိန်ကြည့်ချင်ရင် အဆင်ပြေတာပေါ့။
ကျိုက်ထီးရိုးခရီးတစ်လျှောက် အတက်ရော အဆင်းရော တောထဲတောင်ထဲမှာရော အထူးသဖြင့် ဆိုင်သေးသေးလေးတွေပါမကျန် အများဆုံးရောင်းနေကြတဲ့ ရေသန့်ဗူးကတော့ “Alpine” သောက်ရေသန့်ပဲ ဖြစ်ပါတယ်။ ယခုကဲ့သို့ ကြုံကြိုက်တုန်း ကြော်ငြာဝင်ပေးရတဲ့ အကျိုးကြောင့် “Alpine” လို တောင်ပေါ်မြေပြန့် တောတောင်နေရာအနှံ့ အောင်မြင်မှုရှိတဲ့ လုပ်ငန်းမျိုး ပိုင်ဆိုင်နိုင်ရပါလို၏။း)
14 comments:
အော် ဒါနဲ့... အစ်ကိုက အဲဒိ အကြော်ဆိုင်မှာ အမျိုးကောင်းသားဖြစ်အောင် အကြော်စားခဲ့တယ်ဆိုတော့ အကြော်စားပြီးမှ အမျိုးကောင်းသားဖြစ်သွားတာပေါ့နော်...
ကိုယ်ကိုတိုင်လဲ တော်တော် ကြော်ငြာတတ်သလို... သူများကြော်ငြာစာလုံးလဲ influence ဖြစ်တာပဲနော်.. ဟီး.. ဟီး..
Alpine က စိုင်းစိုင်းနဲ့ မကြော်ငြာသင့်တော့ဘူး.. ကိုကိုငူနဲ့ ကြော်ငြာသင့်ပြီထင်တယ်.. ဟတ်.. ဟတ်..
ကျိုက် ထီး ရိုး မှာ တော ကောင် တွေ သတ် ထားတာ မြင် ရ တာ စိတ်မ ချမ်း သာ စရာ ဗျာ ။ ကျွန်တော် နောက်ဆုံး ရောက် တာ ၉၃ လောက် က ဗျ ။ အဲဒီ တုန်း က လဲ ရှိ တာ ပဲ ။ ဒါ ပေ မယ့် ဒီ လို လတ်လတ် ဆတ် ဆတ် ကြီး မ မြင် ဖူး ဘူး ။ ဆတ် သား ခြောက် လို့ ပြော ပြီး အောက် က ယူ ရောင်း ကျ တာ မျိုး ပါ ။
ရေတံခွန်ကတော့ မဗေဒါ ပြောသလိုပဲ ဆင်းတုန်း ကြော့ကြော့ တက်တော့ မော့မော့နဲ့ သွားရတာ မတန်ပါဘူးဗျာ။ ရေချိုးဖို့ တစ်ခုတည်းနဲ့ သွားရင်တော့ အလကားပဲ။ သွားချင်လို့ သွားကြတာပဲ ကောင်းပါတယ်လေ။
အရမ်းလှတယ်
လမ်းမှာ စေတီလေးတွေ စီတန်းပြီး တည်ထားတဲ့ ဘုန်းကြီးကျောင်းပါ ရှိတယ်
ဒီအတိုင်းခြေကျင်တတ်တာဆိုတော့နဲနဲတော့ပင်ပန်းတာပေါ့
စတတ်ခါစတုန်းက တော့ လူလိုလျှောက်နိုင်သေးတယ်
လမ်းတစ်ဝက်လောက်ရောက်တော့ မျောက်ဖြစ်သွားတော့တယ်
နောက်ပီး တောင်ပေါ်ကဆင်းလာတယ့်ခရီးသွားတွေကို ရောက်ပီးလာမေးရင် ညီလေး
ရှေ့တပြ ဆို ရောက်ပီ ဆိုပီး ရှေ့တစ်ပြက ရောက်ကိုမရောက်နိုင်တော့ဘူး byal....
သတ္တ၀ါတွေကို အဲလိုမြင်ရင် စိတ်ထဲမှာမကောင်းဘူးး(
ကိုငူရေ အဲ ဒါလေးက နည်းနည်းအဆင်ပြေတယ်
ကျွန်တော်နေ.လည်ကလာပြီး ရေတံခွန်ရောက်သေးတယ် Connection ပြတ်သွားလို. ကော့မန်.က တ၀က်တပျက်ကြီးနဲ. ကျန်ခဲ့တာ
အသွားကို ညဘက် လမ်းလျှောက်တက်တယ်
အပြန်တော့ ကားနဲ့ဆင်းပြန်တယ်
သုံးရက်အနည်းဆုံးနေပြီးလျှောက်သွားတယ်
ခုတော့ မရောက်တာ ၆ နှစ်ကျော်ပြီး
ပြောင်းလဲမှုတွေတော့ရှိမှာပါ
လွမ်းတယ်
ဓာတ်ပုံမြင်တော့ ပိုလွမ်းတယ်
ပျော်ရွှင်ပါစေဗျာ
ချစ်ခင်စွာဖြင့်
ဖိုးစိန်
မရောက်ဖြစ်တာ ကြာနေပြီ
စာတွေတဝကြီးဖတ်ပြီး ပုံတွေ ကြည့်သွားပါတယ်
ခင်မင်လျက်
Alpine က ကမ်းလှမ်းထားပါပြီ။ ရှေ့က ရိုက်လက်စ ကြော်ငြာလေးတွေ ပြီးတာနဲ့ Alpine ကို ရိုက်ပေးမှာပါ။
ကျွန်တော်လည်း ကိုယ်ဖြတ်သွားတုန်း တွေ့တာနဲ့ ဓါတ်ပုံရိုက်ယူခဲ့လိုက်တယ် ကိုစောဘုန်းရေ။ တောကောင်ငယ်တွေတောင် သိပ်နီးနီးမှာ မရှိကြဘူးလို့တော့ ပြောကြပါတယ်။
ဂျူလိုင်ရဲ့ သွားချင်လို့ကို သွားနေကြတာ။ ဒါပေမယ့် လူငယ်တွေပဲ ရှိပါတယ်။ လူကြီးတွေ ဆင်းကြဖို့ မလွယ်ပါဘူး။
အလယ်ပိုင်းက အောက်ပိုင်းကော အထက်ပိုင်းကော ပေါက်တယ် ကိုဇက်ရဲ့။
သက်ပိုင်သူပြောတာ ရေတံခွန်ကျောင်းပါ။ ဓါတ်ပေါင်းစုံ ကိုးနဝင်းကျောင်းလို့ သိခဲ့ရပါတယ်။
အဲဒါ ခရီးဆုံးထိ တက်နိုင်အောင် ဘုရားဖူးချင်း အားပေးကြတာ ကိုထက်လေးရဲ့။
အမချို ပေးတဲ့ဆုနဲ့ အမည်ဆုံး ပြည့်ပါရစေဗျာ။
ရွှေပါးစပ် ငွေပါးစပ်ပါဗျာ။
ရေတံခွန်ထိ ဆင်းဖို့တော့ နည်းနည်းပင်ပန်းမယ် အမတန်ခူး။ သားသားကိုပါ ချီရမယ်ဆိုရင် သိပ်မလွယ်ဘူး။ ကျီးပါးစပ်ကိုတော့ သွားလို့ရနိုင်ပါတယ်။ အသွားက အဆင်းလမ်းပါ။ အပြန်ခရီးက အတက်ပေမယ့် လမ်းတစ်လျှောက်မှာ ဆိုင်တွေ မပြတ်သလောက် ရှိတော့ နားနားနေနေ တက်လို့ရပါတယ်။
အကိုတို့ သွားတာက မိုးခါးထက် နည်းနည်းလေး စောတယ်။ တောင်ကိုးလုံးတောင် တက်နိုင်တယ်ဆိုတော့ ခြေလျင်တောင်တက်အသင်းဝင်လို့ ရလောက်မယ်ထင်တယ်။
အဆင်ပြေသလို ခေါ်ပါ ကိုမင်းအိမ်။ ရေတံခွန်က အပြန် ဖြည်းဖြည်းတက်နော့။
မော်လမြိုင်ဖက်က ဖိုးစိန်တို့လိုတော့ ဘုရားဖူးချင်ရင် ကံကောင်းတာပဲဟေ့။ ညဖက်တစ်ခေါက်တက်ဖူးတယ်။ မီးထုတ်တွေ လမ်းမှာ ဝယ်ဝယ်ပြီးတက်ရတာ။ လူတွေ တက်လာသံကြားရင် ဆိုင်လေးတွေက အထဲကနေ မီးထုတ်ဝယ်မလား လှမ်းမေးတယ်။ ညဖက်ဆိုတော့ ပျော်စရာကောင်းသလို ကြောက်လဲကြောက်တယ်။
မသက်ဇင်ရေ ပုံတွေစာတွေ ကြည့်ရ ဖတ်ရတာ ကျေနပ်မှာပါနော်။
Post a Comment