သူငယ်ချင်းတို့ရေ... ဝေ
လူစုံပြီလားဟေ့... အေး
လူစုံရင် ပိုကာဒေါင်းမယ်
ဝိုင်းလိုက်ကွဲ့လေး။
ကုလားဖန် ခါခါထိုးလို့
ခါးချိုးပြီး အောက်ဖဲဖော်
ဘယ်ရစ်ဝေနော်။
ဘယ်ရစ်ဝေ အိမ်စုံစေ့တော့
အပေါ်ဖဲ တစ်ချပ်လှန်
ဝိုင်းစဖို့ရန်။
ဝိုင်းစချင် စတင်ပစ်ပ
မချစ်ရင် တစ်ချပ်ဆွဲ
လာ.. ပိုက်ဆံဖဲ။
ပိုက်ဆံဖဲ ပေါ်မလာ
မျှော်ရှာတာ ဂျိုကာပေမယ့်
တက်ဖဲရယ် တကယ်ကောင်းတယ်
ငုတ်တုတ်ဒေါင်းပဲ။
မြန်မာပြည်သတင်း ဒိုင်ယာရီ Feb 2026
-
Feb 24 . ဒီနေ့ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ ကျန်းမာရေးကို
ဆိုးဝါးစွာထိခိုက်နိုင်တဲ့ အဆင့်သတ်မှတ်ချက် ၂၂၇(ခရမ်းရောင်)မှာ ရှိခဲ့ကြောင်း
ကမ္ဘာ့လေထုအရည်အသွေ...
11 hours ago
5 comments:
ရှမ်းကိုးမြီးကောမကစားချင်ဘူးလား?
လာလည်ပြီး စာလုံးပေါင်းပြင်ဖို့ပြောပေးတာ
ကျေးဇူးတင်ပါတယ်
အတွေ့အကြုံများနေပုံ ပေါက်တယ်။
ဒေါင်းပြီးတော့ တရားပွဲဖိတ်တော့ ကိုယ်ဘယ်လို နားလည်ရမလဲဟင်။ :P
ရှမ်းတော့ လူများရင် ဆော့တယ် ညီမရဲ့။
အကိုကတော့ အေးဆေးကစားရတဲ့ ပိုကာပဲ ပိုကာကြိုကတယ်။ ဟဲဟဲ
ညီလေ mmhan သို့
လာခဲ့လေညီ။ ကစားမယ်။ တစ်အိမ်လို တစ်အိမ်လို...
မမမိုးချိုသင်းသို့
အတွေ့အကြုံကတော့ နည်းနည်းများစပြုပြီ မမသင်းရေ။ တရားပွဲက အချိန်မီလေး ကြော်ငြာခဏထည့်တာပါ။ ဒါကြောင့်တိုက်ဆိုင်သွားတာ။ ဟီးဟီး
အားလုံးကို ကျေးဇူးတင်ပါတယ်။
အေးချမ်းပျော်ရွှင်ကြပါစေ။
မေတ္တာဖြင့်
Post a Comment