တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Monday, October 6, 2008

လရောင်အောက်က တစ်ယောက်သောသူ

မိုးလေတွေ ငြိမ်သက်စပြုနေပြီ။
အနောက်ဖက်ဆီမှာ ဒေါင်းယာဉ်ပျံဖန်ဝါနေမင်းကြီးက ဝင်လုဆဲဆဲ။
အရှေ့ဖက်ဆီမှာ ဝန်းဝန်းစက်စက် ဖိုးလမင်းက ထွက်ပြူစ။
ဆောင်းလေပြေက တစ်ချက်တစ်ချက် ညှင်းညှင်းသွဲ့သွဲ့။
လောကတစ်ခွင် အေးချမ်းသာယာနေတဲ့ တစ်ညနေ။

မြတ်ဘုရားရှင် မယ်တော်မိနတ်သားအမှူးပြုသော တာဝတိသာပရိတ်သတ်တွေကို ဝါတွင်းသုံးလ အဘိဓမ္မာတရားတော်မြတ် ဟောကြားတော်မူပြီး လူ့ပြည်ရွာ သင်္ကာသနဂိုရ်ပြည်သို့ ပြန်လည်ကြွချီတော်မူရာမှာ အထက်ကောင်းကင်မှ နတ်ဗြဟ္မာတွေက ထိန်ထိန်ငြီးငြီး နတ်မီးလျှံအသီးသီးနဲ့ လိုက်ပါပူဇော်ကြသလို မြေပြင်အဝှန်းမှ လူပရိတ်သတ်တွေကလည်း အထူးထူးသော မီးရောင်စုံများနဲ့ ရိုသေညွတ်တွား ကြိုဆိုကြတဲ့နေ့။

တစ်မြို့လုံး တစ်နိုင်ငံလုံး သီတင်းကျွတ်လပြည့်ည မီးထွန်းပွဲအတွက် ပြင်ဆင်နေကြချိန် သာယာလှတဲ့ အဲဒီညနေခင်း တောင်ငူပြည်သူ့ဆေးရုံကြီးအတွင်းမှာ သားဦးရတနာကို အောင်မြင်ချောမွေ့စွာ ဖွားမြင်ခဲ့တယ်။

ကျေးဇူးပါမေမေ

မီးရောင်စုံတွေက ထွန်းထွန်းပပ
ဖိုးလမင်းကြီးက ပြည့်ပြည့်ဖြိုးဖြိုး
ရာသီဥတုက အေးအေးချမ်းချမ်း

အဲဒီလို မြန်မာ့ရေမြေသဘာဝရဲ့ အလှပဆုံးအချိန်တစ်ခုမှာ လူဖြစ်ခွင့်ရအောင် ဖန်ဆင်းပေးတဲ့အတွက်

ကျေးဇူးပါဖေဖေ

9 comments:

အဲဒီတော့..သားဦးလေးနံမည်က...ဖိုးလပြည့်လေးပေါ့...ဟုတ်ဘူးလား.........
 
ဒီနေ့က မွေးနေ့လားဟင်?

အဲ့ဒါဆိုရင် happy birthday ပါလို့ :)
 
သီတင်းကျွတ်လပြည့်မှာ မွေးတယ်ပေါ့။ ကောင်းလေစွ ကောင်းလေစွ။
 
ဝေး......
ဖိုးသီတင်းကျွတ်...လေး။
ကောင်းသောမွေးနေ့ လေးဖြစ်ပါစေ။။။
အကို လာတာနောက်ကျသါားတယ်...။
 
မွေးနေ့လား..
မွေးနေ့မှာ မိဘကို ကျေးဇူးကို သတိရအောက်မေ့တာ ကြည်နူးစရာပါ။
ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေ တောင်ငူသားရေ..
 
အကိုရေ...
လာတာနောက်ကျသွားတယ်...
မွေးနေ့ဆိုရင်...
"ံHAPPY BELATED BIRTHDAY " နော်
 
ဦးဦးဖိုးပြည့်ခင်ဗျာ.. ဒီနေ့မှာကျရောက်တဲ့ ဦးဦးရဲ့မွေးနေမှသည် နောင်နှစ်ပေါင်းများစွာတိုင် ချစ်ဖေဖေ။မေမေ ချစ်ညီမလေးတို့နဲ့အတူ နေထိုင်နိုင်ပြီး ဘာသာ သာသနာ အကျိုးဆောင်ရွက် နိုင်ပါစေကြောင်း သားသားတို့ ပုလုကွေး fm မှ ဆုမွန်ကောင်းတောင်လိုက်ပါတယ် ဦးဦးဖိုးလပြည့် ခင်ဗျား....
တူနယ်တူနယ် ဗျောင်..
(ပေးတော့ စလုံး ၁၀၀ ... ကြော်ငြာခ)
 
ဟေး...Happy Birthday!
တို့အိမ်မှာလဲဒီနေ့မွေးတဲ့ဖိုးလပြည့်လေးမွေးနေ့..
တချိန်တည်းမှာဆုတောင်းပေးလိုက်တယ်...
ပျော်ရွှင်ချမ်းမြေ့ပါစေဟာ..
 
မမခင်မြတ်နွယ်သို့
သားဦးလေးနာမည်က ဦးဦးမျိုးပါ မမရယ်။ ဖိုးလပြည့်လေး မဟုတ်ပါဘူး။ ဟိဟိ
မမတို့ အိမ်က ဖိုးလပြည့်လေးလည်း ပျော်ရွှင်ပါစေဗျာ။

ညီလေး mmhan သို့
ဟုတ်တယ် ညီရ

ညီမ သွန်းသွန်းသို့
ကောင်းတယ်လေ့ ကောင်းတယ်လေ့

ဆရာဆူးသို့
နောက်မကျသေးပါဘူး ဆရာဆူးရဲ့။ ပျော်စရာကြီးဗျ။

မမမိုးချိုသင်းသို့
ဟုတ်တယ်မမသင်းရေ။ ကိုယ်ထိလက်ရောက် ကန်တော့ဖို့ မဖြစ်နိုင်သေးတော့ စာမျက်နှာပေါ်ကပဲ အထိမ်းအမှတ်လေး လုပ်ရတယ် မမသင်းရယ်

ညီမ ရှင်မင်းညိုသို့
ညီမရေ လာပါလာပါ နောက်မကျသေးပါဘူး

ဘဘပုလုကွေးသို့
ဘဘရေ ဘဘတို့ FM က သားသားကို ဆုတောင်းပေးတဲ့အတွက် အရမ်းအရမ်းကို ကောင်းတာပါပဲဂျာ

အားလုံးကို ကျေးဇူးတင်ပါတယ်။
ပျော်ရွှင်အေးချမ်းကြပါစေ။

မေတ္တာဖြင့်
 

Popular Posts